မဟာမုနိရုပ်ရှင်တော်မြတ်ကြီး (မန္တလေး)


ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် မဟာသက္ကရာဇ်(၉၇) ခုနှစ်တွင် စန္ဒသူရိယမင်းသည် ဓည၀တီရခိုင်ပြည်တွင် နန်းစံ၍ နန်းစံ(၂၆)နှစ်မြောက်တွင် မြတ်ဗုဒ္ဓအား ပူဇော်ပင့်လျှောက်သည့်အခါ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုံးလူထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ဓညဝတီသို့ ကြွလာတော်မူပါသည်။ ထိုအခါ စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဗုဒ္ဓမြတ်ဘုရား ကိုယ်တော်တိုင် ဉာဏ်တော် (၇)တောင်၊ (၂)မိုက်၊ (၂)သစ်ရှိ သွန်းပြုဖန်ဆင်းတော်မူခဲ့လေသည်။ အမရပူရမြို့တည် ဘိုးတော်ဗဒုံမင်းတရားကြီးသည် ရခိုင်ပြည်ဓညဝတီသို့ သားတော် မဟာဉပရာဇာ သီရိမဟာဓမ္မာဘိဓဇ သီဟသူရဘွဲ့ခံ အိမ်ရှေ့မင်းသားနှင့် သားတော်စကုမင်း၊ ကာမမင်းတို့ကို တန်ဆောင်မုန်းလဆန်း (၄)ရက်၊ (၁၆-၁၀-၁၇၈၄)နေ့တွင် စေလွှတ်၍ မဟာမုနိရုပ်ပွားတော်မြတ်ကို ပင့်ဆောင်စေပါသည်။

ကျောင်းတော်ကြီး၏ ရွှေသားထီးတော်ကြီးကို ရွှေသား ၆၁၂၁-၂၂.၅ ရွေး ၂ စိန် ကျောက်သံ ပတ္တမြား ရတနာပစ္စည်းတို့ဖြင့်ပြုလုပ်ပြီး (၆-၇-၂၀၀၂)နေ့တွင် ကပ်လှူခဲ့ပါသည်။ မန္တလေးမြို့ကို (၁၂၂၁)ခုနှစ်တွင် မင်းတုံးမင်းကြီး တည်ထောင်ခဲ့သည်။ (၁၂၂၁) ခုနှစ်ကို (အောင်ကျော်ချမ်းအေး၊ မန္တလေး) ဟူ၍လည်းခေါ်ဆိုနိုင်ပါသည်။ (၁)ရွှေမြို့တော်ကြီး၊ (၂)ကျုံးတော်၊ (၃)လောကမာရဇိန်စေတီ၊ (၄)သိမ်တော်ကြီး၊ (၅)မဟာအတုလဝေယန်ကျောင်း၊ (၆)ပိဋကတ်တိုက်တော်၊ (၇)သုဓမ္မာဇရပ်တို့ကို တပြိုင်နက် အုတ်မြစ်ချ၍ တည်ခဲ့ပါသည်။

မဟာမုနိရုပ်ရှင်တော်ကြီး၏ အတိုင်းအတာတွက်ချက်မှုများ

စဉ် အကြောင်းအရာ ပေ လက်မ မီတာ
၁။ ဉာဏ်တော် (မကိုဋ်တော်အလွတ်) ၁၂ ၃.၈၄
၂။ ခါးတော် ၁၁ ၈.၅၀
၃။ ပုခုံးတော်တစ်ဖက်နှင့်တစ်ဖက် ၁.၈၅
၄။ ရင်ပြင်တော်အကျယ် ၂.၀၆
၅။ ဘယ်လက်မောင်းတော်လုံးပတ် ၁.၇၃
၆။ ညာလက်မောင်းတော်လုံးပတ် ၁၀ ၁.၇၈
၇။ ဒူးတော်အစွန်းနှစ်ဖက်အကျယ်(ကြား)   ၂.၇၄
၈။ ပလ္လင်တော်ဝဲဘေးအပြင်စွန်း ၁၂ ၃.၈၆
၉။ နားကင်းတော်အမြင့် ၁.၄၂
၁၀။ စမ္မခံအမြင့် ၀.၄၈
၁၁။ စမ္မခံအထက်စွန်းမှ မကိုဋ်တော်ထိပ်ဖူးအစွန်းထိ အမြင့် ၁၅ ၄.၆၀
၁၂။ ပလ္လင်တော်အောက်ခြေမှ မကိုဋ်ထိပ်ဖူး အစွန်းထိအမြင့် ၂၃ ၅.၀၈
၁၃။ ပလ္လင်တော်အမြင့် ၁၀ ၂.၀၈
၁၄။ သုဝဏ္ဏပါသာဒကျောင်းတော်ကြီးအမြင့် ၁၇၆   ၅၃.၆၆
စဉ် အကြောင်းအရာ တန် ကီလိုဂရမ် မှတ်ချက်
ဘုရားရုပ်ပွားတော် ၈၁၂၈ စက်မှုတက္ကသိုလ်၏ ၁၉၈၄ ခု နှစ်တွက်ချက်မှုမှတ်တမ်းအရ
ရုပ်ရှင်တော်မြတ်ကြီးရှိ ရွှေသားအလေးချိန် ၁ ၁/၂ ၁၅၂၄  
အခြားရွှေ ၊ငွေ၊ ရတနာ စသည်များ ၆ ၁/၂ ၆၆၀၄  

မဟာမုနိဘုရားကြီးပိုင် အကျယ်အဝန်းဧရိယာ

ဘုရားကြီး၏ နယ်နိမိတ်မှာ ၁၉၇၂-၇၃တွင် (၈၂.၉)ဧက ကျယ်ဝန်း၍ အာနန္ဒာဘုရားဝင်း၊ အသောကရာမ ဘုရားကြီးတိုက်များ၏ ဧရိယာများကို ချန်လှပ်ပါက လက်ရှိ(၅၈) ဧက ကျယ်ဝန်း ပါသည်။

မဟာမုနိဘုရားကြီး၏ အံ့ဖွယ်(၈)ပါး

၁။ အရပ်လေးမျက်နှာမှ ဘုရားဖူးလာရောက်ကြသော ရဟန်းရှင်လူ ပရိတ်သတ်မဆဲ နေ့စဥ်ပွဲသဘင်ကဲ့သို့ ထက်ဝန်းကျင် စည်ကားခြင်း၊

၂။ ရောင်ခြည်တော်ခြောက်သွယ် စဥ်ဆက်မပြတ် လက်ခြင်း၊

၃။ မကောင်းသောကျေးငှက်များ ပြသာဒ်ဦးသို့ မကူးမကျော်မပျံသန်းခြင်း၊

၄။ မျက်ပါးရွှေပေါင်း ရက်ညောင်းနှစ်များ ချမွမ်းငြားလည်း တိုးပွားမပေါ် ကိုယ်တော်ပကတိရှိခြင်း၊

၅။ ပုံတော်အတူ စံယူမရခြင်း၊

၆။ ပါပမိစ္ဆာရောက်လာလျှင် မျက်နှာတော်ရောင် မပြောင်မထွန်းခြင်း၊

၇။ သစ္စာပန္နက် ဆင်ရွက်သမျှ ဒိဌ တွေ့ကြုံရခြင်း၊

၈။ ကဆုန်လ ညောင်ရေသွန်းသည့် ရေလည်း တည်ရပ်နေနားခြင်းမရှိခြင်းတို့ ဖြစ်ပါသည်။