-
(၄-၁-၁၇၈၅) နေ့တွင် ဓညဝတီမြို့မှ စတင်ပင့်ဆောင်သည်။
-
(၅-၅-၁၇၈၅) ရေကြောင်း၊ ကြည်းကြောင်း စခန်းပေါင်း (၅၄) ခုနှင့် တောင်ပေါင်း (၁၃၈)လုံးကို ကျော်ခဲ့ပြီး အမရပူရဆိပ်ကမ်းသို့ ရောက်ရှိသည်။
-
(၈-၆-၁၇၈၅)၊ ၁၁၄၇-ခု၊ ပထမဝါဆိုလဆန်း(၂)ရက်၊ တက်သေးအရပ် ဖောင်တော်ဆိပ်သို့ ပင့်ဆောင်တော်မူသည်။ ထို့ကြောင့် ” ဉသြရေသောက်၊ မုနိရောက် ဖြစ်ပါသည်။
-
(၁၇၉၁) ဘိုးတော်ဘုရား၏ တောင်ဆောင်တော်မိဖုရား ကိုးကွယ်သော ပထမရွှေရေးဆောင် ဆရာတော်ဘဒ္ဒန္တသြဘာသဓမ္မသည် မဟာမုနိဘုရားကြီး၏ မျက်နှာသစ်မှုရေတော်ဝတ်ကို စတင် ဆောင်ရွက်ခဲ့သည်။
-
(၈-၄-၁၈၈၄) သီပေါမင်းလက်ထက် မီးလောင်ရာတွင် အုတ်ဂန္ဓကုဋီနှင့် ဘုံ(၇)ဆင့်၊ ကျွန်းပြဿာဒ်တော် အာရုံခံဇရပ်များ၊ စောင်းတန်းမုဒ်ဦးများပါ မီးခခဲ့ရသည်။ မဟာမုနိကိုယ်တော်ကြီးတွင် ဆက်ကပ်လှူဒါန်းထားကြသော မကိုဋ်၊ ဒုယင်၊ ရွှေသင်္ကန်းတော်တို့ပါ အရည်ပျော်ကျ ပျက်စီး၍ ရွှေချိန် ကျပ်(၅၄၅၀) သား ကောက်ယူရရှိခဲ့သည်။
-
(၁၆-၁-၁၈၈၅) မီးသင့်လောင်ရာမှ သိမ်းဆည်းထားခဲ့သော ရွှေများကို ရွှေပုစွန်ခွန်သင်္ကန်းတော် ခပ်လုပ်လှူဒါန်းသည်။
-
(၁၈၉၁)တွက် ကိုဓဉပဒေ(၉၂)အရ၊ မဟာမုနိဘဏ္ဍာတော်ထိန်း စည်းမျဉ်းဉပဒေဖြစ်ပေါ်လာ၍ ပထမဆုံးဘဏ္ဍာတော်ထိန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
-
(၃၀-၁၂-၅၅) နေ့တွင် သာသနာ (၂၅၀၀) အထိမ်းအမှတ်အဖြစ် ရတနာဗိမာန်တော်ကြီးကို စံကင်းဆရာတော်၊ ညောင်ရမ်းဆရာတော်၊ ခေမာသီဝံသဆရာတော်နှင့် ဟံသာဝတီဆရာတော်များမှ ရွှေ၊ ငွေ၊ ရတနာအုတ်များဖြင့် အုတ်မြစ်ချပေးပြီး (၁၄-၄-၅၇) တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
-
(၂၂-၁-၁၉၄၂) နေ့၊ ဦးဇောတိကအမှူးရှိသော ရဟန်းပျို(၃၀) ကျော်တို့သည် အာရုံခံအုတ်တိုက် တွင် (ယခုပြတိုက်-၁နေရာ) မဟာမုနိဘုရားကြီး၏ ဗုဒ္ဓသန္တက ပစ္စည်းများကို စောင့်ရှောက်ခဲ့သည်။
-
(၁၅-၆-၁၉၄၂)တွင် ဂျပန်အုပ်ချုပ်ရေးအဖွဲ့မှလည်း ရဟန်းပျို ဆရာတော်များအား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် အပ်၍ ရဟန်းပျိုအဖွဲ့ စောင့်ရှောက်ခဲ့ပါသည်။
-
(၁၇-၂-၈၈) တွင် မဟာမုနိဘုရားကြီးအား မျက်နှာသစ်မူ ရေတော်ဝတ်ကို လက်ရှိဆရာတော် ဘဒ္ဒန္တ ပညာဝံသ ယနေ့တိုင် ဝတ်ပြုဆောင်ရွက်ခဲ့ပါသည်။