မဟာဗုဒ္ဓဝင်ပြတိုက်


မဟာမုနိဘုရားကြီး မဟာဗုဒ္ဓဝင်ဗိမာန်အဆောက်အအုံသည် တနင်္ဂနွေထောင့် (အရှေ့မြောက်ထောင့်) တတိယမဟာရာမ်တံတိုင်းအတွင်း မြေနေရာ၌တည်ရှိပြီး တောင်ဘက် မျက်နှာပြုကာ စုလစ်မွမ်းချွန်ဘုံအဆင့်ဖြင့် တန်ဆာဆင်ယင်၍ ခံ့ညားထည်ဝါစွာ ဆောက်လုပ်ထားပါသည်။ နှစ်ထပ်အုပ်တိုက် အဆောက်အအုံဖြစ်ပါသည်။

ခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွားတော်များထုလုပ်ကိုးကွယ်ခဲ့မှုလက်ရာများကို ရာစုနှစ်အလိုက် ဖော်ပြထားပါသည်။ ဗုဒ္ဓဆင်းတုတော်များကို ထုလုပ်ကြရာတွင် ရပ်တော်မူပုံ၊ တင်ပြင်ခွေပုံ၊ လျောင်းတော်မူပုံ စသဖြင့်ဟန်အမျိုးမျိုး၊ သင်္ကန်းတော်ကိုလည်းအရုံ၊ အခြုံ၊ အတင် စသဖြင့် သင်္ကန်းတော်အမျိုးမျိုး၊ မကိုဋ်၊ နားကင်း၊ ဘယက်၊ လက်ကောက်၊ လက်ကြပ်အမျိုးမျိုး ပါသော မင်းဝတ်ဘုရား(ဇမ္ဗုပတိပုံတော်) အမျိုးမျိုးရှိကြပေရာ ယခုပြခန်းတွင် ပြသထားသော ဆင်းတုတော်များသည် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူ ဆင်းတုတော်များဖြစ်ပါသည်။

ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံများအလိုက် မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ယဉ်ကျေးမှုအနုပညာလက်ရာဓာတ်ပုံ၊ ပန်းချီကားများကိုလည်း ရှာဖွေစုဆောင်းတင်ပြထားပါသည်။ ဖွား၊ ဖြစ်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနကို အထူးပြသထားသည်ကိုလည်း ဖူးမြင်နိုင်ပါသည်။ အဆောက်အအုံ၏ပြင်ပမျက်နှာစာတွင် မြန်မာမှုပန်းတော့လက်ရာများဖြင့် တန်ဆာဆင်ထားပါသည်။

ဖွားတော်မူခန်း
ဘုရားဖြစ်တော်မူခန်း
တရားဦးဟောတော်မူခန်း

ပရိနိဗ္ဗာန်စံတော်မူခန်း