

မဟာမုနိဘုရားကြီးရင်ပြင်တော်တွင် မင်္ဂလာမဏ္ဍပ်များ၊ ရက်ကန်းစင်တော်များ၊ ဝါပင်စိုက်ခင်းများ ပြုလုပ်၍ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် “ဖွင့်ပွဲမင်္ဂလာအခမ်းအနား” ကျင်းပ ဖွင့်လှစ်ပြီးသည်နှင့် ရက်ကန်းစင်တော်များ စတင်ရက်လုပ်ခြင်း၊ သင်္ကန်းတော်ချုပ်ခြင်းများ ညတွင်းခြင်းအပြီး ဆောင်ရွက်ပါသည်။ ထို့သို့ ရက်လုပ်ပြီးစီးသော သင်္ကန်းအား “မသိုးမြတ်သင်္ကန်း” ဟု ခေါ်ဆိုပါသည်။ မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ပွဲအား (၁၃၄၉) ခုနှစ်တွင် စတင်ကျင်းပခဲ့ပါသည်။


ရက်ကန်းပညာရှင်များမှာ ရေကြည်ပေါက်ကျေးရွာ၊ အုန်းတောကျေးရွာ၊ အင်းလေးဒေသမှ စက်ချုပ်ပညာရှင်များနှင့် ကိုးလုံးတကာရပ်ကွက်မှ ရက်ကန်းပညာရှင်များသည် တန်ဆောင်မုန်းလပြည့်နေ့ နံနက်(၆)နာရီအချိန်တွင် ” မသိုးမြတ်သင်္ကန်းတော်ကပ်လှူပွဲ” အခမ်းအနားကျင်းပ၍ မဟာမုနိဘုရားကြီးအားလွှမ်းခြုံကပ်လှူပူဇော်ပါသည်။

