နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို သဒ္ဓမ္မဇ္ဇောတာရုံ ကျောင်းထိုင်ဆရာတော်ထံ အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်း


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို ပြင်ဦးလွင်မြို့နယ်၊ သဒ္ဓမ္မဇ္ဇောတာရုံ ကျောင်းထိုင်ဆရာတော်ထံ အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်းခြင်းနှင့် ပြင်ဦးလွင်ခရိုင်အတွင်း အခြေခံကျောင်းများမှ ဆရာဆရာမများအတွက် ကျောင်းဝတ်စုံများ ချီးမြှင့်ခြင်းအခမ်းအနား၊ ဆေးတက္ကသိုလ် (မန္တလေး) ၏ (၅၆) ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲနှင့် နိဗ္ဗာန်ဈေးရောင်းပွဲတော် အခမ်းအနားများသို့ တက်ရောက်၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၏ (၆၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းတော်ကြီးလောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။