
- ၁၃၂၇ ခုနှစ်၊ ပြာသိုလဆန်း (၉)ရက်၊ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ဂေါပကအဖွဲ့ အစည်းအဝေးကြီး အမှတ်(၁၀)မှ ညိမ်း ချမ်း သာ ယာ ကြေးစည်တော်ကြီး သွန်းလောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
- ၁၃၂၇ ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက်၊ (၁.၁.၆၆)ရက်နေ့မှစ၍ ကြေးစည်တော်ကြီး သွန်းလောင်းရန် အလှူတော်ငွေနှင့် ကြေးတို ကြေးစများ ပြည်သူလူထုထံမှ အလှူခံသည်။
- ၁၃၂၇ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်၊ ၂၀.၂.၁၉၆၆ ရက်နေ့တွင် ကြေးစည်တော်ဆွဲရန် သံမဏိ သံတိုင်းကြီး (၂)တိုင်၊ ဦးအေး-ဒေါ်အေး မိသားစုတို့က ဘုရားအရောက် လှူဒါန်းသည်။
- ၁၃၂၈ ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်နေ့၊ ၂၄.၂.၁၉၆၇ ရက်နေ့တွင် ကြေးစည်တော် ဖရောင်းပုံ ပြီးစီး၍ ကြေးစည်တော် ဖြစ်မြောက်ရေးအဖွဲ့မှ စိစစ်ပြီး၊ မြေမံ၍ ကြေးသွန်းလောင်းရန် အတည်ပြုကြသည်။
- ၁၃၂၈ ခု၊ သီတင်းကျွတ်လဆန်း (၁၀)ရက်၊ (၂၄.၁၀.၁၉၆၆) ကြေးတိုကြေးစများကို စုပေါင်း၍ ဇော်ဂျီ လက်ထိုးဖိုများနှင့် အတုံးအခဲကြီးများ ဖြစ်စေရန် သွန်းလောင်းသည်။
- ၁၃၂၉ ခု၊ တန်ခူးလဆန်း (၈)ရက်၊ (၅.၄.၆၈)နေ့၊ ကြေးစည်တော်ဆွဲရန် သံထုပ်ကို (၂၈)လမ်းနေ ဒေါ်ဒေါ်ထွေး (မိသားစု) မှ ဘုရားအရောက်လှူဒါန်းသည်။
- ၁၃၂၉ ခု။ ကဆုန်လပြည့်နေ့ (၂၃.၅.၆၇)နေ့ (၁)နာရီ (၃၀)မိနစ်အချိန်။ ကြေးစည်တော် ဖယောင်းပုံကို ကြေးရည်များ စတင်လောင်းရာ ညနေ (၄)နာရီ (၃၀) မိနစ်အချိန်။ အောင်မြင်စွာ သွန်းလောင်း၍ ပြီးစီးသည်။
- မန္တလေးမြို့မှ အရည်ကြိုစက်ဖို (၁၆)ဖို။ လုပ်အားလှူဒါန်းသူ (၁၆၄)ယောက်။ မုံရွာမြို့မှ အရည်ကြိုစက်ဖို(၂)ဖို။ လုပ်အားလှူဒါန်းသူ (၁၆)ယောက်တို့နှင့် အရည်ကြိုလောင်းသည်။
- ၁၃၂၉ ခု။ ကဆုန်လပြည့်ကျော် (၁၅)ရက် (၇.၆.၆၇)နေ့မှာ ကြေးရည်သွန်းလောင်းပြီးသော ကြေးစည်တော်ကြီးကို မြေပုံစံမှ အောင်မြင်စွာဖော်ထုတ်သည်။
- ၁၃၂၉ ခု နယုန်လဆန်း(၁၀)ရက်။ (၁၈.၆.၆၇)နေ့။ အချောကိုင်ရန် ရင်ပြင်တော်အနောက်မြောက်ဒေါင့်သို့ ရွှေ့သည်။
- ၁၃၂၉ ခု၊ ဝါဆိုလပြည့်ကျော် (၅)ရက်။ (၂၆.၇.၆၇) ကြေးစည်တော်ကြီးမျက်နှာတဘက် အချောကိုင်သည်။
- ၁၃၂၉ ခု၊ တော်သလင်းလဆန်း (၅)ရက်၊ (၈.၉.၆၇)နေ့ ကျန်တဘက်မျက်နှာ အချောကိုင်သည်။
- ၁၃၃၀ ခု၊ ကဆုန်လဆန်း (၅)ရက်၊ (၁.၅.၆၈)နေ့ ကြေးစည်တော်မျက်နှာပြင်တဘက်တွင် ပန်းတက်ပန်းခက်များနှင့် (လစင်္ကြာရုပ်) ယုန်ရုပ်ကို ပန်းချီရေးဆွဲသည်။
- ၁၃၃၀ ခု၊ ကဆုန်လပြည့်ကျော် (၁၀)ရက် (၂၁.၅.၆၈) နေ့၊ အနောက်စောင်းတန်းပညာရှင်များက (လစင်္ကြာ) ယုန်ရုပ်နှင့် ပန်းတက်ပန်းခက်များပုံကို ထာဝစဉ်ခိုင်ရန် ထွင်းထုလုပ်မှု လုပ်အားလှူကြသည်။
- ၁၃၃၀ ခု၊ ကဆုန်လပြည့်ကျော် (၁၅)ရက်။ (၁၆.၅.၆၈)နေ့တွင် ကျန်တမျက်နှာကို (နေစင်္ကြာ) ဒေါင်းရုပ်နှင့် ပန်းတက်ပန်းခက်ပုံများကို ရေးဆွဲ၍ အနောက်စောင်းတန်းပညာရှင်များက ထွင်းထုလုပ်မှု လုပ်အားလှူကြသည်။
- ကြေးစည်တော်ကြီး၏ အလေးချိန်မှာ (မူလ) ဖရောင်းပုံ အချိန် (၃၂၆)ပိဿာ ၄၀ သား ရှိသဖြင့်။ ကြေးချိန် (ပမာဏ) အားဖြင့် (၃၂၆၅)ပိဿာ ရှိသောကြောင့် ညိမ်း – ချမ်း – သာ – ယာ – ဟု ။ မှည့်ခေါ်သည်။
- ညိမ်း – ချမ်း – သာ – ယာ ကြေးစည်တော်ကြီးကို အရှေ့ ၄၅ တာတွင် ဂေါပကအဖွဲ့မှ ဦးစီးကြပ်မတ်၍ သွန်းလောင်း ပြုလုပ်သည်။
- ကြေးစည်တော်ကြီး၏ အလျားမှာ (၁၀ ပေ) အမြင့် (၇ ပေ ၅ လက္မ) ခေါင်းထု (၇ လက်မ) အနားထု (၈ လက်မ) အောက်နားထု (၅ လက်မ) ရှိသည်။
- ကြေးစည်ထမ်းနတ် ” အောင်ကျော်ဒေ၀ါ ” နှင့် ” အောင်ကျော်ဇေယျာ ” နတ်ရုပ်ကြီးများကို ၁၃၃၃ခု၊ ကဆုန်လပြည့်နေ့တွင် သွန်းလုပ်ပြီးစီးသည်။