-
(၁၇၈၅- အောက်တိုဘာ)တွင် ကျွန်းပြဿာဒ်တော်ကြီးပြီး၍ ပလ္လင်တော်တွင် သွင်းထားပူဇော် ပါသည်။
-
(၁၆-၁၁-၁၇၈၅)တွင် မျက်နှာတော်ကို ချန်လှပ်၍ ဘိုးတော်မင်းတရားကြီးသည် ရွှေပုစွန်ခွန်သင်္ကန်းနှင့် ရွှေမျက်ပါး(၈ ပိဿာ ၆၀ ကျပ်သား) ကပ်လှူသည်။
-
(၄-၉-၁၇၉၀) ရွှေချိန် (၁၄)ပိဿာရှိ နဖူးသင်းကျစ်ဘွဲ့ရစ် လှူဒါန်းသည်။
-
(၂၅-၆-၁၈၅၂) ပုဂံမင်းနှင့် မယ်တော်၊ နှမတော်တို့က ပုဂံမင်း၏ မကိုဋ်တော်၊ စလွယ်တော်နှင့် ဒုယင်တော်၊ စုလျားတော်များကို လှူဒါန်းသည်။
-
(၁၆-၁-၁၈၈၅) မီးသင့်လောင်ရာမှ သိမ်းဆည်းထားခဲ့သော ရွှေများကို ရွှေပုစွန်ခွန်သင်္ကန်းတော် ခပ်လုပ်လှူဒါန်းသည်။
-
(၂၇-၆-၁၈၉၄)နေ့တွင် အင်ဂျင်နီယာမင်းကြီး မစ္စတာဟင်နဲပေါ့နှင့် ဝန်စာရေးမင်းကြီး ဦးယောတို့က ဂန္ဓကုဋီတိုက်အား အုတ်မြစ်ချသည်။
-
(၁၈၉၆)တွင် ဘိုးတော်ဘုရား၏ ဂန္ဓကုဋီတိုက်ကို ငုံ၍ ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်း ဗိသုကာများက လက်ရှိဂန္ဓကုဋီတိုက်ကို တည်ဆောက်သည်။
-
(၁၈-၁-၁၈၉၉) နေ့တွင် သုဝဏ္ဏမဟာပါသာဒ အပြင်အုတ်ကျောင်းတော်ကြီးပြီးစီး၍ ထီးတော်တင်ခဲ့သည်။
-
(၁၂-၂-၁၉၀၀)တွင် မဟာမုနိပလ္လင်တော်၊ တံကဲတော်များကို ဦးဖဲက ပြင်ဆင်၍ ရေစက်သွန်းချ သည်။
-
(၂၀-၂-၁၉၀၂)တွင် သီပေါဘုရင်လှူဒါန်းသော ရွှေသားမကိုဋ်တော်အား ပြန်လည်ပြုပြင်ပြီး ရွှေသား;ချိန်(၁၁၉၉၊ ၁မူး)နှင့် စိန် ပတ္တမြား၊ နီလာ၊ ရတနာမျိုးစုံ(၉၄၀) လုံးစီချယ်သော မကိုဋ်တော် ကို လှူဒါန်းသည်။
-
(၁၉၀၄)ဆန် ဦးဘိုးကြီးက ကျောင်းတော်ကြီးအတွင်းရှိ ဖလ်ပွတ်လုံးများ လှူဒါန်းသည်။
-
(၁၂-၇-၁၉၀၈) နေ့တွင် နဝရတ်ကိုးပါးချယ်သော ရွှေသား(၁၃)ပိဿာ၊ (၆၀)ကျပ်ရှိ ရွှေသားစလွယ်တော်ကြီးကို လှူဒါန်းကြသည်။
-
(၁၉၈၁) တွင် ရွှေညောင်စော်ဘွားကြီး ဆာတေမောင်က ရွှေချိန်(၁၉၉)ကျပ်နှင့် စိန်၊ ပတ္တမြား၊ နီလာရတနာတို့ဖြင့် စိန်ဖူး၊ ငှက်မြတ်နားကို လှူဒါန်းသည်။
-
(၂၉-၁၁-၁၉၃၁) တွင် ရသေ့ကြီးဦးခန္တီသည် မဟာမုနိနှင့် အာနန္ဒာသိမ်တော်ကြီးသွား အုတ်စောင်းတန်းကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
-
(၃၀-၁-၁၉၃၂) တောင်ပိုင်းစော်ဘွားကြီး စပ်ခွန်ပန်းစိန်လှူဒါန်းသော ဘော်သားမျက်နှာကျက်တော်ကြီး တင်လှူသည်။
-
(၁၉၃၃) မဟာမုနိကိုယ်တော်ကြီးနောက်ရှိ သစ်သားတံကဲတော်တပ်ဆင်လှူဒါန်းသည်။
-
(၁၉၄၈-၄၉) တွင် အိမ်ရှေ့ဉပရာဇာ၏ ကြေးရုပ်ပုံသွင်းသည်။ မြောက်စောင်းတန်းထိပ် ခြင်္သေ့ကြီးများလည်း ပြီးစီးသည်။
-
(၁၉၅၁-၅၂) တွင် ကြေးရုပ်ကြီးများအား ထားရှိရန်အတွက် ပြတိုက်အဆောက်အဦး ဆောက်လုပ်သည်။
-
(၁၉၅၄) ဂန္ဓကုဋီတိုက်ကျောင်းတော်ကြီး ရွှေချခဲ့သည်။
-
(၁၅-၃-၁၉၅၉) ဂန္ဓကုဋီအပြင် ကျောင်းတော်ကြီးရွှေချပြီးသည်။
-
(၂၈-၅-၁၉၅၉) မန္တလေးမြို့တည် နန်းတည်နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ဗဟိုစင်ဆောက်လုပ်သည်။
-
(၁၉၆၀-၆၉) မဟာမုနိပြတိုက် အမှတ်(၁) နှင့် ဓမ္မစကြာပြတိုက် အမှတ်(၂)တို့ကို ဆောက်လုပ်သည်။
-
(၃၁-၁၂-၁၉၆၅) တွင် ကြေးချိန် (၃၂၆၄) ပိဿာရှိ ညိမ်းချမ်းသာယာကြေးစည်ကြီး စတင်ပြုလုပ်သည်။
-
(၁၉၆၈-၆၉)တွက် မဟာမုနိပိဋကတ်တိုက်တော် ဆောက်လုပ်လှူဒါန်းသည်။
-
(၁၉၇၁-ဒီဇင်ဘာလတွင်) မိုးကောင်းဓမ္မာရုံကြီးဆောက်လုပ် လှူဒါန်းပြီးစီးသည်။
-
(၁၉၇၁-၇၂) ကြေးချိန် (၂၁၅၆)ပိဿာရှိ ချမ်းအေးပြည်သာ ကြေးမောင်းကြီးသွန်းလောင်း လုပ်ဆောင်သည်။
-
(၂၅-၈-၁၉၇၉)တွင် မိုးကောင်းဓမ္မာရုံကြီး၏ အနောက်ဖက် ကပ်လျက် ဂြိုလ်ပြေနံပြေ အဆောက်အဦး ဆောက်လုပ်ပြီးခဲ့သည်။
-
(၂၅-၇-၁၉၈၁) ခြေရာတော်ပြတိုက်ပြီးစီး၏။
-
(၁၈-၁၂-၈၂) မဟာမုနိသမိုင်းပန်းချီအတွက် လုပ်ငန်းစတင်အကောင်အထည်ဖော်ခဲ့သည်။
-
(၂-၆-၈၃) တွင်နိဗ္ဗာန်လမ်းမုခ်ဦး (ပဋ္ဌာန်းမုခ်ဦး) ပြီးစီးသည်။
-
(၂၁-၈-၈၃) အမြဲတမ်း မဟာဗုဒ္ဓဝင်ပြတိုက်ကြီးနှင့်တကွ ဉယျာဉ်တော် တည်ဆောက်ရေး လုပ်ငန်းစတင်လုပ်ဆောင်သည်။
-
(၃၁-၁-၈၅) နေ့တွင် ရွှေသား (၂၅ပိဿာ၊ ၄၉ကျပ်၊ ၁၁ပဲ၊ ၁ ၁/၂ရွေး) ရှိသော ရွှေသားမျက်နှာ ကြက်တော်ကြီးနှင့် အလယ်ရွှေကြာဖူးကြီးတို့အားတပ်ဆင်ပြီးစီးခဲ့သည်။
-
(၅-၇-၈၅) မှ (၁-၈-၈၆) နေ့အထိ (၂၈)ရက်ကြား တပ်မတော်နှင့်လုပ်အားရှင်ပေါင်း (၁၄၆၁၇)ဦးဖြင့် လိပ်ကန် (မေတ္တာကန်) ဆယ်ယူမွမ်းမံပြင်ဆင်ခဲ့ပါသည်။
-
(၁-၆-၈၈) မှစတင်၍ ငါးကန်ကြီးအား ဆယ်ယူခဲ့ပြီး အရေးအခင်းကြောင့် ခေတ္တရပ်နားပြီး (၁၃-၁၀-၈၈) တွင် တဖန်တပ်မတော်နှင့် လုပ်အားရှင်ပေါင်း (၁၈၄၃၇)ဦးတို့ ပြန်လည်ဆယ်ယူမွမ်းမံခဲ့ရာ (၁၂-၄-၈၉) တွင် ပြီးစီး၍ (၁၇-၄-၈၉)တွင် ငါးကန်ဖွင့်ပွဲကျင်းပခဲ့ပါသည်။
-
(၁၂-၂-၉၀) တွင် ဗုဒ္ဓဝင်ပြတိုက်၊ နာရီစင်နှင့် လိပ်ကန်ဉယျာဉ်တော်တို့ကို တိုင်းမှူး(နမခ) ဗိုလ်ချုပ်ထွန်းကြည် မှ ဖွင့်လှစ်ပေးခဲ့သည်။
-
(၃-၁၀-၉၀) ရက်နေ့တွင် ဓာတ်ပေါင်းစုစေတီတော် တည်ဆောက်ပြီးစီး၍ ထီးတော်တင် ခဲ့သည်။
-
(၄-၄-၉၃) နေ့တွင် ဗောဓိပင်စောင်းတန်းတောင်ဘက်ရှိ ထေရီထေရာပြတိုက်အမှတ်(၁)ကို တည်ဆောက်ပြီးစီး၍ ကျပ် (၇.၂၃)သိန်း ကုန်ကျခဲ့ပါသည်။
-
(၂၂-၆-၉၃) နေ့တွင် ဘုရားကြီး၏ ဘုံခုနှစ်ဆင့်ရွှေသားပြဿာဒ်တော် အထက်ရှိ ထုပိကာတော် ကို ရွှေစင်ရွှေပြား (၁၀၇၁)ချပ် ရွှေသား အလေးချိန်(၇ပိဿာ၊ ၇၁ကျပ်၊ ၂ရွေး) ကို တပ်ဆင်ကပ်လှူ ပြီးစီးခဲ့ပါသည်။
-
(၇-၁-၉၄) နေ့တွင် ထေရီထေရာပြတိုက်အမှတ်(၂/၃/၄/၅/၆) ဖြစ်သော ပြတိုက် (၅)ခု ပြီးစီးခဲ့၍ စုစုပေါင်းကျပ် (၃၅.၂၇)သိန်း ကုန်ကျခဲ့ပါသည်။
-
(၁၅-၅-၉၄)နေ့တွင် ဘုရားကြီးအား အနီးကပ်ဖူးမြော်နိုင်ရန် တယ်လီဗေးရှင်းစက် (၅)လုံးနှင့် ဘုရားကြီးအတွက် ဂန္ဓကုဋီတိုက်အတွင်း လေအေးပေးစက် (၂)လုံးတပ်ဆင်ခဲ့ပါသည်။
-
(၁၉၉၄)ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဘုရားကြီးရင်ပြင်တော်၊ ဗောဓိပင်စောင်းတန်း ဂြိုလ်ပြေနံပြေ စေတီ၊ လိပ်ကန်၊ ငါးကန်၊ နိဗ္ဗာန်မုခ်ဦးလမ်း၊ ထေရီထေရာလမ်း၊ ဗုဒ္ဓဝင်ပန်းခြံ၊ မီးပုံးထင်းပန်းခြံ၊ ပြတိုက်(၁)၊ (၂) စသည်တို့တွင် ကျောက်ပြား၊ ကြွေပြားများ ခင်းခဲ့ပါသည်။
-
(၁၃-၁၀-၉၄) မှစ၍ (၁၉၉၅) ခုနှစ်အထိ ကျောင်းတော်ကြီး စေတီရံ ထီးတော်များ၊ စောင်းတန်း (၄)သွယ်ရှိ ထီးများ၊ ရှင်မလဲဘုရားထီးငယ်များ၊အနောက်ဆုတောင်းပြည့်ဘုရား ထီးကြီး၊ ထီးငယ်များ နှင့် အခြားစေတီရံငယ် စုစုပေါင်း(၅၀၅)ခုတို့အား ပြုပြင်မွမ်းမံ ရွှေချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
-
(၁၄-၉-၉၄)နေ့မှစ၍ ၁၉၉၆-ခုအထိ ကျောင်းတော်ကြီးတိုင် (၁၂၀)တို့အား ပြန်လည်ရွှေချ မွမ်းမံခြင်းနှင့်တိုင်ခြေတို့၌ ဇီးရောင်ကြွေပြားများ ကပ်လှူသည်။
-
(၁၉၉၅)ခု၊ ဒီဇင်ဘာလမှစပြီးဂန္ဓကုဋီကျောင်းတော်ကြီး၏ ထုပိကာ ရာမလက်ညှိုးမှ ကြာကလပ်ရှိ မူလကြေးပြားများပေါ်တွင် သိန်း(၄၆၁၅) ကုန်ကျမည့်၊ ရွှေသားအလေးချိန် (၁၇၇၇ ၈ဲ) ကပ်လှူရန်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဘုံပြဿဒ်တော်ကြီးကိုလည်း (၃၄၂) သိန်း အကုန်ကျခံ၍ ကြေးပြားကပ်ရွှေချလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
-
(၂၂-၉-၉၉) ရုပ်ရှင်တော်မြတ်ကြီး၏ လုံခြုံရေးကင်မရာ (၃)လုံး တပ်ဆင်ခဲ့ပါသည်။ (၂၀-၁-၂၀၀၅) မှ (၇-၆-၂၀၀၅) အထိ ကျောင်းတော်ကြီးစေတီရံထီးတော်များ၊ စောင်းတန်း (၄)သွယ်ထီးများ၊ ရှင်မာလဲ ဘုရားထီးများ အနောက်ဆုတောင်းပြည့် ဘုရားထီးကြီး၊ ထီးငယ်များနှင့် အခြားစေတီရံထီးငယ်များအား ဒုတိယအကြိမ် ပြုပြင်မွမ်းမံရွှေချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။