ကြေးမောင်းကြီး


မဟာမုနိဘုရားကြီးရှိ ကြေးမောင်းကြီးသည် သက္ကရာဇ် ၁၃၃၃ခုတွင် ( ချမ်း-အေး- ပြည်-သာ )ကြေးမောင်းကြီးကို အမည်နံသင့်ကောက်ယူလျှင် ကြေးချိန် ၂၁၅၆ပိဿာ ဖြစ်သည်။ ကြေးသွန်းဆရာ ဦးဘရင်၊ ဗထူးလမ်း၊ မန္တလေးကသွန်း၍ အလှူဒါယကာ ဦးညိမ် (ဇနီး) ဒေါ်ရှိရှိတို့ဖြစ်ပါသည်။ ကြေးမောင်းကြီးသည် မဟာမုနိဘုရားကြီး၏ မြောက်ဘက်တွင်ထားရှိပြီး အုဠ်တိုက်ဖြစ်ကာ ဘေးဘက် အကာအရံများနှင့် မဟုတ်သည့်အတွက် မဟာမုနိဘုရားဖွင့်ချိန် / ပိတ်ချိန်အထိ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ကြေးမောင်းကြီးသည် ကြေးရုပ်ပြတိုက်၏ ဘယ်ဘက်တွင် ထားရှိပါသည်။