ကဆုန်လ ညောင်ရေသွန်းပွဲတော်


ကဆုန်လသည် မြန်မာ့ဆယ်နှစ်လတွင် ဒုတိယမြောက်လဖြစ်ပါသည်။ ကဆုန်လပြည့်နေ့တွင် မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ ဤလတွင် ရက်ပေါင်း၃၀ရှိသည်။ [တန်ခူးရေကုန်၊ ကဆုန်ရေခန်း] ဟူသော စကားစဉ်ရှိပါသည်။ နွေလယ်လဖြစ်၍ ခြောက်ခြောက်သွေ့သွေ့နှင့် ငြီးငွေ့ဖွယ်ကောင်းလှပါသည်။ ပူပြင်းလှသောနေပူရှိန်ကြားမှ လောကကို အလှဆင်ရန်အတွက် အံခဲလျက်ပွင့်ရှာကြသော ရာသီပန်းမှာစံကားပန်းဖြစ်ပါသည်။ ကဆုန်လတွင် ကဆုန်ဟူသော ကု၊ကသည် ]ရေ ဟုအဓိပ္ပါယ်ရပါသည်။ ရေသွန်းလ၊ ရေလောင်းလ၊ ရေဖျန်းလဟုလည်း မှတ်ယူနိုင်ပါသည်။

မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာမှ မျက်မှောက်ခေတ်ကာလအထိ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာယဉ်ကျေးမှုရာသီပွဲအနေဖြင့် တစ်ခမ်း တစ်နားကျင်းပခဲ့ပါသည်။ ညောင်ရေသွန်းပွဲတော်မှာ ဂေါတမဘုရားရှင်ပွင့်တော်မူခဲ့ရာ ဗောဓိ ညောင်ပင်၏ ဆင့်ပွားဗောဓိညောင်ပင်များကို အမွှေးနံ့သာရည် (သို့) သန့်စင်သောရေတို့ဖြင့် သွန်းလောင်းပူဇော်ကြသည့် ပွဲတော်ဖြစ်ပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့ ကဆုန်လတွင် မဟာဗောဓိညောင်ပင်ကိုရေသွန်းကြသည့် ယဉ်ကျေးမှုဓလေ့သည် ဗုဒ္ဓသာသနာစတင်ဖြစ်ပေါ်ရာ အိန္ဒိယနိုင်ငံ၏ဓလေ့ထုံးစံမှ ဆင်းသက်လာသည့် ယဉ်ကျေးမှုမဟုတ်ပါ။ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့၌ ကဆုန်လတွင် ညောင်ရေသွန်းသည့်ဓလေ့သည် ရှေးယခင်ကကော၊ ယခုကောမရှိခဲ့ပါ။ ညောင်ရေသွန်းလောင်းကြရာတွင်ညောင်ပင်တိုင်းကို (ဝါ) မဟာဗောဓိ ညောင်ပင်နှင့် အမျိုးအစားတူသည့် ညောင်ဗုဒ္ဓအပင်တိုင်းကို သွန်းလောင်းကြသည်မဟုတ်ပါ။ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့ရာ မူလမဟာဗောဓိပင်၏ပင်ပွားများကိုသာ သွန်းလောင်းကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မဟာဗောဓိပင်ပွားများသည် မြန်မာနိုင်ငံသို့ရောက်ရှိပြီးမှသာ ညောင်ရေသွန်းလောင်းခြင်းဖြစ်ပါသည်။ မဟာဗောဓိပင်ရှိရာ မဟာမုနိဘုရားကြီးသို့ ကဣိုလ်စုရပ်မှ နှစ်စဉ်ရပ်ကွက်သူရပ်ကွက်သား အကြီး၊ အငယ်၊ အလတ် သုံးပါးလူအများ သည် စီတန်းလျက်လာရောက်ကာ မဟာမုနိဘုရားကြီး ဗောဓိညောင်ပင်သို့ ရေစင် သွန်းလောင်းကြသည်။ ထို့အပြင် အခြားအကြီး အငယ် အလတ် လူအများသည် မဟာဗောဓိ ညောင်ပင်သို့ ရေစင်သွန်းလောင်းရန် လာရောက်ကြသည်။ မြန်မာပြည်အနှံ့အပြားရှိ တောရော မြို့ပါမကျန် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် စဉ်လာမပျက်ကျင်းပလျက်ရှိသည်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ ညောင်ရေသွန်းခြင်းနှင့် ပတ်သတ်၍ တန်ခူး၊ ကဆုန်စသော သင်္ကြန်အတာ၊ ညောင်ရေခါ၌ ဝဲယာရှေ့နောက် အိုးကြီးအိုးငယ်တို့နှင့် ရေသပ္ပါယ်ကြပါသော်လည်း ရှေ့တော်ဝယ်အပါး၌ ရေမတားမတည် နိုင်သောတန်ခိုးတော်မြတ်ကြီးခြင်းသည် အံ့ချီးဖွယ်(၈)ဖြာတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။